နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အထူးဈေးရောင်းပွဲတော်နှင့် အနုပညာဖျော်ဖြေရေးအစီအစဉ် ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၁၅ ဇွန်

ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်ရေးအတွက် နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အထူးဈေးရောင်းပွဲတော်နှင့် အနုပညာဖျော်ဖြေရေး အစီအစဉ်ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ()ရပ်ထဲက တစ်ခုဖြစ်သည့် “COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည် လုပ်ငန်းစဉ်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ နေပြည်တော်အား စည်ကားအောင်ပြုလုပ်၍ ဧည့်သည်များလာရောက်သည့် ဗဟိုပြုနေရာဖြစ်အောင် ဆောင်ရွက်ရန် လမ်းညွှန်မှုအရ နေပြည်တော်အတွင်း အများပြည်သူများအတွက် ခရီးသွားလာရေး လုပ်ငန်းကဏ္ဍနှင့်ဆက်စပ်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့၏ ဦးဆောင်မှုဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်ရေးကို ဆောင်ရွက်ရန်အတွက် ညှိနှိုင်းအစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊   ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အစီအစဉ်နှင့်ပတ်သက်ပြီး နေပြည်တော် ရေပန်းဥယျာဉ်အတွင်းမှာ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကဏ္ဍ၊ အနုပညာဖျော်ဖြေရေးကဏ္ဍနှင့် အထူးဈေးရောင်းပွဲတော် ကဏ္ဍဆိုပြီးတော့ ကဏ္ဍ()မျိုးဖြင့် ကျင်းပသွားမှာ ဖြစ်ပါကြောင်း၊  ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကို အဓိကဦးစားပေးပြီး ကျင်းပဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ COVID-19 ကူးစက်ရောဂါကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းဇော်က  ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်ရေးအတွက် နေပြည်တော်အတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အထူးဈေးရောင်းပွဲတော်နှင့် အနုပညာဖျော်ဖြေရေး ကျင်းပမည့် လုပ်ငန်းစီမံချက်အားလည်းကောင်း၊ Trust Tench ကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဦးဝင်းမြတ်ထွန်းက နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကဏ္ဍ၊ အနုပညာဖျော်ဖြေရေးကဏ္ဍနှင့် အထူးဈေးရောင်းပွဲတော်ကဏ္ဍများကို ဇူလိုင်လအတွင်း ကျင်းပဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တင်ပြချက်ဆွေးနွေးချက်များနှင့် ပတ်သက်၍ ဖြည်းစွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း (ခရိုင်ပြန်/ဆက်)