စစ်ကိုင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနေ

စစ်ကိုင်း၊ ၁၅ ဇွန်

 

စစ်ကိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်အောင် လုပ်ကိုင်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

"ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်အောင် ထုတ်ပေးသွားရမှာပါ။ အခုဆို ကျွန်တော်တို့ဌာနအနေနဲ့ ရုံးမှာလည်း ဆောင်ရွက်ပေးနေသလို အဖွဲ့များခွဲပြီးလည်း ရပ်ကွက်/ကျေးရွာတွေမှာ ကွင်းဆင်းဆောင်ရွက်ပေးနေပါတယ်။ လာရောက်လုပ်ကိုင် ဆောင်ရွက်ကြတဲ့ ပြည်သူတွေကိုလည်း အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်ပေးနေပါတယ်။ ရုံးမှာ လာရောက်ဆောင်ရွက်ကြတာဆိုရင် တစ်နေ့ကို လူဦးရေ(၅၀)ခန့်လောက် လုပ်ကိုင်ဆောင်ရွက်နေရပါတယ်။ နောက်ရက်တွေ ရုံးမှာလာရောက် လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆိုလည်း လာခဲ့ကြပါ။ ဌာနအနေနဲ့ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးသွားမှာပါ" ဟု  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြောသည်။

 

စစ်ကိုင်းမြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် လူဦးရေ(၁၀၇၂၆)ဦးတို့အား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်အောင် ဆောင်ရွက်ပေးသွားမည်သည်။

 

စစ်ကိုင်းခရိုင်(ပြန်/ဆက်)