တနင်္သာရီ ၊ ၁၅ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်၊ ရုံးတောင်လမ်းရှိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဇွန် ၁၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့ အသုံးပြုရန်တွက် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အမှတ်(၃)စစ်ဗျူဟာ (ရေဖြူကျေးရွာ)မှ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး လှဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးနေဝင်း ဦးစီးတပ်ဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးနိုင်မှ တနင်္သာရီမြို့နယ်အတွင်း၌ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ကာကွယ်ထိန်းချုပ်ထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ အမှတ်(၃)စစ်ဗျူဟာ (ရေဖြူကျေးရွာ)မှ ယာယီစစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး လှဇော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးနိုင်တို့က တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့တွင် အသုံးပြုရန်အတွက် COVID-19 ရောဂါကာ ကွယ်ရေးအတွက် (PPE) ဝတ်စုံ (၂၀)စုံ၊ အပူချိန်းတိုင်း ကိရိယာ(၁)ခု၊ Enervon-C (၂)ဘူး၊ Hand Gel (၁၀)ဘူး၊ Mask (၅၀၀)ခု၊ လက်အိတ်(၁)ပါကင်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး နေဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်ဦး(မြိတ်)