အမေရိကန်သမ္မတ ဂျိုဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ်သစ် ဘန်နက်ကို ဝမ်းမြောက်ကြောင်းပြောကြား

ဂျေရုဆလင် ဇွန် ၁၄

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မကြာသေးမီက အစ္စရေးဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သော နာ့ဖ်တာလီ ဘန်နက်ကို ဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ်သစ် ဘန်နက်တို့သည် ဇွန် ၁၃ ရက်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြပြီး ယင်းနေ့တွင်ပင် အစ္စရေးညွန့်ပေါင်းအစိုးရ အဖွဲ့ အသစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ အမေရိကန်-အစ္စရေး ဆက်ဆံရေးတွင် ဆယ်စုနှစ်များစွာကြာ ခိုင်မာမှုနှင့် အစ္စရေးနိုင်ငံ၏ လုံခြုံရေးအတွက် ယိမ်းယိုင်ခြင်းမရှိသည့် ၎င်း၏ရပ်တည်ချက်ကိုလည်း သမ္မတဘိုင်ဒင်က အလေးအနက်ထား ပြောကြားခဲ့သည်။

 

အီရန်အရေးကိစ္စအပါအဝင် ဒေသတွင်းလုံခြုံရေးနှင့် ဆက်နွှယ်သည့်ကိစ္စရပ်များကို အချင်းချင်းတိုင်ပင် အကြံပေးကြရန်လည်း ခေါင်းဆောင်နှစ်ဦးကသဘောတူခဲ့ကြသည်ဟု ပြောသည်။

 

အစ္စရေး-ပါလက်စတိုင်းတို့၏ အကျိုးစီးပွား၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် သမ္မတဘိုင်ဒင် အစိုးရသည် အစ္စရေးအစိုးရနှင့် အတူလက်တွဲကာ လုပ်ဆောင်လိုသည်ဟုလည်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

 

အင်န်အိတ်ချ်က