မိုးကြိုးဘေးသင့် မိသားစုအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေ ပေးအပ်လှူဒါန်း

မိုင်းဖြတ်၊ ၁၁  ဇွန်

 

ရှမ်းပြည်နယ်(ရှမ်း/ရှေ့)၊မိုင်းဖြတ်မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မိုင်းဖြတ်အုပ်စု၊ ဟိုနား(ရှမ်း)ကျေးရွာနေ မိုးကြိုးဘေးသင့်သော ဦးစိုင်းဆမ်တောင်၏ မိသားစုထံသို့ ဇွန် ၁၀ ရက် ညနေ ၂ နာရီက အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများက မိုးကြိုးဘေးသင့်၍ သေဆုံးခဲ့သူ ဦးစိုင်းဆမ်တောင် (၃၅ နှစ်)   မိသားစုတို့၏ နေအိမ်သို့ သွားရောက်၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေကျပ် ၃၀၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

မိုင်းဖြတ်အုပ်စု၊ ဟိုနား(ရှမ်း)ကျေးရွာနေ ဦးစိုင်းဆမ်တောင် (၃၅ နှစ်)သည် ဇွန် ၇ ရက်နေ့ ညနေ ၂နာရီက မိမိ၏လယ်ယာမြေကို ထွန်ယက်နေစဉ် ရုတ်တရက် လျှပ်စီးလက်ပြီး မိုးကြိုးပစ် ထိမှန်၍ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးအိုက်ပျဲန်းထံမှ သိရသည်။

 

ရှောလမွန် (မိုင်းဖြတ်)