မွန်ဂိုလီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၆၀ ထပ်မံတွေ့ရှိ

ဇွန် ၁၀

 

မွန်ဂိုလီးယားနိုင်ငံတွင်လွွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄၆၀ ထပ်မံတွေ့ရှိခဲ့သဖြင့် နေ့စဉ်ကူးစက်မှုတွင် ကူးစက်သူဦးရေ စံချိန်တင်မြင့်တက်ခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၇၀၄၈၂ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

 

လွန်ခဲ့သည့်ရက်အတွင်း အသက် ၅၄ နှစ်မှ ၈၁ နှစ်ကြားအရွယ် ၁၀ ဦး ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးခဲ့သည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၃၄၈ ဦး ရှိသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသူ ၄၁၂ ဦး ရှိသည်။

 

မွန်ဂိုလီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ဖေဖော်ဝါရီလနှောင်းပိုင်းက စတင်လုပ်ဆောင်ခဲ့ရာ ကိုဗစ်ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁၅၉၆၈၅၇ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို