အာဂျင်တီးနားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ လေးသန်းကျော်ရှိလာ

ဇွန် ၉

အာဂျင်တီးနားနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၁၁၃၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း လေးသန်းကျော်ရှိလာပြီ ဖြစ်ကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူဦးရေ ၈၂၆၆၇ အထိ မြင့်တက်လာသည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ ၁၁ ဒသမ ၈ သန်း၊ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၃ ဒသမ ၁ သန်းရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၁၅ သန်းခန့်ရှိသည်။

အာဂျင်တီးနား သမ္မတ အယ်လ်ဘာတို ဖာနန်ဒက်ဇ်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် သောကြာနေ့အထိ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရေးအစီအမံကို လိုက်နာဆောင်ရွက်ရန်  အမိန့်ထုတ်ပြန်ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို