ပါကစ္စတန်နိုင်ငံတောင်ပိုင်း၌ ရထားတိုက်မှုဖြစ်ပွား  လူ ၃၀ သေဆုံး၊ ၅၀ ကျော် ဒဏ်ရာရ

ဇွန် ၇

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းရှ်ပြည်နယ်တွင် ယနေ့မနက်ပိုင်းက ရထားချင်း ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့သဖြင့် လူ ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသန္တရမီဒီယာက ဖော်ပြထားသည်။

 

အဆိုပါ ရထားတိုက်မှုသည် ဆင်းရှ်ပြည်နယ် ဂေါ့တီခရိုင်ရှိ ရာတီနှင့် အိုဘာရို ရထားဘူတာရုံနှစ်ခု အကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

 

ထိုရထားတိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရထားနှစ်စင်းရှိ ရထားတွဲများစွာသည် လမ်းချော်မှုနှင့် တိမ်းမှောက်မှုများ ဖြစ်ပွားခဲ့သည်။

 

ကယ်ဆယ်ရေးအဖွဲ့များ ရထားတိုက်မှုဖြစ်ပွားရာနေရာသို့ ရောက်ရှိလာကာ  ရုပ်အလောင်းများ ထုတ်ယူ သယ်ဆောင်ခဲ့ပြီး  ဒဏ်ရာရရှိသူများကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။

 

ထိုရထားတိုက်မှုသည် နိုင်ငံတောင်ပိုင်း ကရာချီ ဆိပ်ကမ်းမြို့မှ အရှေ့ပိုင်း ဆာဂိုဟာမြို့သို့ ဦးတည်သွားနေသော မီလ်လတ်အမြန်ရထားနှင့် အရှေ့ပိုင်း ရာဝါ လ်ပင်ဒီမြို့မှ ကရာချီမြို့သို့ သွားနေသော ဆာ ဆရပ်အမြန်ရထားတို့အကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို