ရုံးပတီသီးစိုက်ပျိုးသည့်တောင်သူများ ဈေးနှုန်းကျဆင်းခြင်းကြောင့် အမြတ်အစွန်းနည်းပါးလျက်ရှိ

ပျော်ဘွယ် ၊  ၄   ဇွန်

ပျော်ဘွယ်မြို့နယ်အတွင်း ရုံးပတီသီးစိုက်ပျိုးသည့်တောင်သူများအနေဖြင့် ဈေးနှုန်းများကျဆင်းနေခြင်း ကြောင့် အမြတ်အစွန်းနည်းပါးလျက်ရှိကြောင်း သိရသည်။

ရုံးပတီသီးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ပေကုန်းကျေးရွာ တောင်သူ ဦးထွန်းချိုကကျွန်တော်အနေနဲ့ ရုံးပတီသီး တစ်ဧက စိုက်ပျိုးထားပါတယ်။ ထိုင်ဝမ်မျိုးဖြစ်ပါတယ်။ စတင်စိုက်ပျိုးတဲ့အချိန်ကစပြီး တစ်လခွဲသားခန့်မှာ အသီး စတင်ဆွတ်ခူးလို့ရပါပြီ။ လိုအပ်တဲ့အချိန်တိုင်း ရေလောင်းခြင်း၊ အပင်အားဆေးကြွေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများကို ပြုလုပ်ပေးရတယ်။ မိုးကောင်းပါက တစ်ရက်ခြားတစ်ကြိမ်ဆွတ်ခူးရပြီး မိုးမကောင်းပါက သုံးရက်ခြား တစ်ကြိမ် ဆွတ်ခူးတယ်။ တစ်ကြိမ်ဆွတ်ခူးလျှင် ပိဿာ(၇၀)ခန့်အထိ ထွက်ရှိပါတယ်။ ရုံးပတီပင်ရဲ့သက်တမ်းက လေးလသာ ရှိပါတယ်ဟု ရှင်းပြသည်။

ရုံးပတီသီးများကို ပျော်ဘွယ်မြို့မဈေးတွင် ရောင်းချလျက်ရှိသလို ပွဲစားများကလည်း အခင်းအထိ လာရောက်ဝယ်ယူမှုများရှိကြောင်း၊ ယနေ့အချိန်တွင် ရုံးပတီသီးတစ်ပိဿာလျှင် ငွေကျပ်(၈၀၀)ခန့်ဖြင့်သာ ရောင်းချနေရခြင်းကြောင့် အမြတ်အစွန်းနည်းပါးလျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်(ပြန်/ဆက်)