ဇွန် ၄
အာဂျင်တီးနားနိုင်ငံတွင် လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၂၂၉၁ ဦး ထပ်မံတွေ့ရှိသဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၈၈၄၄၄၇ ဦး အထိ ရှိလာသည်ဟု ယမန်နေ့က ပြောကြားသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၅၅၃ ဦးရှိပြီး သေဆုံးသူပေါင်း ၇၉၈၇၃ ဦး ရှိသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်လာသူ ၃၄၃၈၄၃၇ ဦးရှိသည်။
လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၆၆၁၃၇ ဦး ရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။
၂၀၂၀ ခုနှစ် ဒီဇင်ဘာလက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု စတင်လုပ်ဆောင်ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၂ ဒသမ ၉ သန်းကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း ၁၃ ဒသမ ၂ သန်းကျော် ရှိသည်။
အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လူအချင်းချင်းခပ်ခွာခွာနေထိုင်ရေး အစီအမံများနှင့် အခြားကာကွယ်ရေး စီမံချက်များသည် ဇွန် ၁၁ ရက်နေ့ထိ အကျုံးဝင်နေမည် ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို