နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် ဖူးစားပြောင်းစိုက်ပျိုးတောင်သူများ ဈေးကောင်းရရှိ

 

 


 

 

နတ်မောက်၊ ၂  ဇွန် 

     

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကြူအိုင်ကျေးရွာမှ တောင်သူများသည်   ပြောင်းဖူးပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ စိုက်ပျိုးသူများအတွက် အဆင်ပြေသောကြောင့် ဖူးစားပြောင်းများကို ထပ်မံစိုက်ပျိုးသူများလည်းရှိကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။

       

ဖူးစားပြောင်းများစိုက်ပျိုးရာတွင် နွေနှင့် ဆောင်းရာသီများ စိုက်ပျိုးလျှင် ရေသွင်း၍ မြေအစိုဓာတ် ရေလုံလောက်စွာရရှိရန် ပြုလုပ်ပေးရကြောင်း၊ ဖူးစားပြောင်းများသည် စိုက်ပျိုးပြီး  လအကြာတွင် ဖူးစပြုပြီး  လအတွင်းခုတ်၍ ရောင်းချနိုင်ကြောင်း၊ လက်ရှိပြောင်းဖူးဈေးနှုန်းများမှာ လက်လီဈေး တစ်ဖူးလျှင်ကျပ် 130 လက်ကားဈေး ကျပ် 120 နှုန်းရရှိကြောင်း၊ ပြောင်းဖူးပင်များကို စနစ်တကျ စိုက်ပျိုးထားပါက ပြောင်းဖူးအထွက်နှုန်းများ ပိုမိုကောင်းမွန်ကြောင်း သိရသည်။ ဖူးစားပြောင်းများသည် ပြောင်းကြမ်း၊ သကြားပြောင်း၊ ဗမာပြောင်းဟူ၍ သုံးမျိုးရှိပြီး ပြောင်းကြမ်းမှာ တိရစ္ဆာန်များအတွက်သာ အသုံးပြုစိုက်ပျိုးကြကြောင်း သိရသည်၊၊

           

ပြောင်းဖူးများ စိုက်ပျိုးရာတွင် ကျဲပက်ခြင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်း စသည်ဖြင့် အမျိုးမျိုးရှိသော်လည်း အတန်းလိုက် အစေ့ချ၍ စနစ်တကျ စိုက်ပျိုးခြင်းဖြင့် ရေသွင်းခြင်း၊ ဆေးဖျန်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက်ကြောင့် ပြောင်းဖူးပင်များ ပိုမိုရှင်သန် ကြီးထွားစေကြောင်း၊ ပြောင်းဖူးစိုက်ပျိုးရာတွင် မျိုးစေ့()ဗူးလျှင် အဖူး (၁၀၀၀)နှုန်းခန့်ထွက်ရှိပြီး  တစ်ပင်ကို သုံးဖူးအထိဖူးကာ ပြောင်းဖူးစိုက်ပျိုးသူများမှာ အဆင်ပြေ၍ ဈေးကောင်းရရှိကြောင်း နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာ  ဖူးစားပြောင်းစိုက်ပျိုးသူထံမှ သိရသည်။           

 

သင်းသင်းဝေ(နတ်မောက်)