ကြာအင်းဆိပ်ကြီးမြို့နယ်၌ သံပရာသီးဈေးနှုန်း ကျဆင်း

ကြာအင်းဆိပ်ကြီး၊ ၂ ဇွန်

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သံပရာပင်များ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ်သံပရာသီးများစွာ ထွက်ရှိကာ နွေရာသီကာလတွင် ဈေးနှုန်းကောင်းစွာ ရရှိသော်လည်း မိုးရာသီတွင် ဈေးနှုန်းကျဆင်းလျက်‌ရှိကြောင်း သိရသည်။

 

ယခင်နှစ်များ၌ မိုးရာသီတွင် သံပရာသီးတစ်လုံးလျှင် ငွေကျပ်(၃)ကျပ်ခန့်သာ ရရှိသော်လည်း နွေရာသီတွင် ငွေကျပ်(၇၀)မှ (၁၀၀)အထိရရှိပြီး ယခုနှစ်၌ ‌သံပရာသီးတစ်လုံးကို ငွေကျပ် (၅)ကျပ်ခန့်သာ ရရှိကာ ဈေးနှုန်းကျဆင်းမှုကြောင့် သံပရာခြံစိုက်ပျိုးတောင်သူများအနေဖြင့် ခူးဆွတ်ရောင်းချမှု နည်းပါးလာကြသည်။

 

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ သံပရာပင်စိုက်ပျိုးလုပ်ကိုင်သူ တောင်သူများစွာရှိသည်။ သံပရာပင် စိုက်ပျိုးဧကမှာလည်း ဧကတစ်သောင်းဝန်းကျင်ခန့်ရှိပြီး ထွက်ရှိသည့် သံပရာသီးများကို အဝယ်ဒိုင်များမှတစ်ဆင့် မွန်ပြည်နယ်၊ မော်လမြိုင်နှင့် ရန်ကုန်မြို့များသို့ သယ်ဆောင်ကာ ပြန်လည်ရောင်းချကြောင်း သိရသည်။

မျိုးမင်းဦး