ဘရာဇီးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၂၄၅ ဦး ထပ်မံသေဆုံး

မေ ၂၈

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၂၂၄၅ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသဖြင့် သေဆုံးသူဦးရေ ၄၅၆၆၇၄ ဦးအထိ မြင့်တက်လာသည်။

 

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၇၄၆၇ ဦးထပ်မံစစ်ဆေးတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၁၆၃၄၂၁၆၂ ဦးရှိလာကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

ဘရာဇီးနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့ပြီးလျှင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုတွင် ဘရာဇီးနိုင်ငံသည် တတိယမြောက် အများဆုံးနိုင်ငံဖြစ်သည်။

 

ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီလကစတင်ခဲ့သဖြင့် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ ၂၁ ဒသမ ၃ သန်းကျော်ရှိပြီး ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ ၆၄ ဒသမ ၅ သန်းကျော်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို