မေ ၂၆
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်မှုဖြစ်ပွားခဲ့ချိန်မှစ၍ ထိုရောဂါကူးစက်မှုကြောင့် သေဆုံးသူ ၄၁ ဦးရှိသဖြင့် သေဆုံးမှုအမြင့်မားနေ့ ဖြစ်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားချက်အရ သိရသည်။
နိုင်ငံအတွင်း ယင်းရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၈၇၃ ဦး အထိ ရှိလာသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၄၅၅ ဦးကိုလည်း ထပ်မံတွေ့ရှိခဲ့သည်။ ၎င်းတို့အနက် ၁၆ ဦးသည် ပြည်ပမှပြန်ရောက်လာသူများဖြစ်ပြီး ၂၄၃၉ ဦးသည် ဒေသတွင်းကူးစက်မှုများ ဖြစ်သည်။
လူဦးရေ သန်း ၇၀ ခန့်ရှိသည့် ထိုင်းနိုင်ငံတွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၁၃၇၈၉၄ ရှိသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၉၁၇၆၅ ဦးရှိပြီး လက်ရှိအခြေအနေတွင် ဆေးရုံတက်ကုသမှုခံယူနေသူ ၄၅၂၅၆ ဦးရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို