ခင်ဦး၊ ၂၄ မေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကျေးရွာ (၄)ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း(၁၀၀)စီဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက သိရသည်။

ကျေးရွာတစ်ရွာလျှင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း(၁၀၀)စီဖြင့် အလယ်ရှိုကျေးရွာတွင် ကျေးရွာတွင်းလမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းကို လည်းကောင်း၊ ရွှေပြည်သာကျေးရွာတွင် ကျေးရွာတွင်းလမ်း ဂျင်းခင်းခြင်းလုပ်ငန်းကို လည်းကောင်း၊ ရှားတောကျေးရွာတွင် ကျေးရွာကုန်ထုတ်လမ်း တည်ဆောက်ခြင်းလုပ်ငန်းကို လည်းကောင်း၊ ပေါက်သင့်တုံကျေးရွာတွင် ကျေးရွာတွင်း (၄၀၀)ဗို့ ဓာတ်အားလိုင်းသွယ်တန်းခြင်း လုပ်ငန်းကိုလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မေ ၁၄ ရက်က လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေကျပ် သိန်း(၁၀၀)စီ ထုတ်ပေးထားပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးညီညီဦး၏ ပြောကြားချက်အရ သိရသည်။

စိုးဝေအောင်(ခင်ဦး)