ကျောက်ပန်းတောင်း၊ ၂၁  မေ

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကြက်တူရွေးပဲ စိုက်ပျိုးတောင်သူများ ထွက်သလောက်ရောင်းချနေရပြီး ဈေးကောင်းရရှိနေခြင်းကြောင့် ကြက်တူရွေးပဲသီးစိုက်ပျိုးသည့် တောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ကုန်းတဲ၊ မုန့်ကုန်း၊ ဆပ်ပြာကျင်း၊ ညောင်ဖြူပင်၊ ညောင်ချိုင်း၊ ကင်မွန်းခြုံကျေးရွာများသည် ကြက်တူရွေးပဲ စိုက်ပျိုးခြင်းအား မြေအောက်ရေအသုံးပြုစိုက်ပျိုးကြပြီး ပေါ်ဦးပေါ်စ ကြက်တူရွေးပဲသီးများကို တစ်ပိဿာလျှင် ကျပ် ၁၂၀၀ ဖြင့် ရောင်းချရပြီး  လှိုင်လှိုင်ပေါ်ချိန်တွင် တစ်ပိဿာ ငွေကျပ် ၈၀၀ ဖြင့်ရောင်းချရကြောင်း၊ ကြက်တူရွေးပဲစိုက် တောင်သူ ဦးတင်ထွန်းအောင်က ပြောသည်။

ကြက်တူရွေးပဲသီးတောင့်များအား မကွေး၊ ပခုက္ကူ၊ ညောင်ဦး၊ မြင်းခြံ၊ မိတ္ထီလာ၊ နတ်မောက်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

MDN