ပြည်၊ ၂၀   မေ

ကိုဗစ်(၁၉)ရောဂါ စတင်ဖြစ်ပွားစဉ်ကာလမှ ယခုနှစ် ဧပြီ ၂၈ ရက်အထိ ခေတ္တယာယီ ပိတ်ထားခဲ့ရသော ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခေတ္တရာမြို့သစ် (၁၀)လမ်းထိပ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်(၁၉)စည်းကမ်းချက်များ နှင့်အညီ ယခုနှစ် ဧပြီ ၂၉ရက်နေ့မှစတင်ပြန်လည်ဖွင့်လှစ်ကာ ပြည်သူ့စာကြည့်တိုက်၏ (အခမဲ့)စာငှား/စာဖတ်ဝန်ဆောင်မှုလုပ်ငန်းများကို အပတ်စဉ်ရုံးဖွင့်ရက်များအတွင်း နေ့စဉ် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအထိ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်တွင် နိုင်ငံတော်ပြန်တမ်းများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ် ထုတ်ဂျာနယ်/ စာစောင်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ရုပ်ပြ/ကာတွန်းများနှင့် ဝတ္ထု စာအုပ်များ အပါအဝင် သုတ/ရသစာအုပ်စာပေ စုစုပေါင်းအုပ်ရေ (၁၃၆၇၈) ဖြင့် အများပြည်သူ အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရေးအတွက် (အခမဲ့)စာငှား/စာဖတ်ဝန်ဆောင်မှုလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်စာပေများကို မည်သူမဆို (အခမဲ့) လာရောက် ငှားရမ်း ဖတ်ရှုနိုင်ကြောင်း ပြည်ခရိုင်ပြန်/ဆက်ဦးစီးဌာနရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)