လှိုင်းဘွဲ၊ ၁၄ မေ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ဆည်ရေ၊ မြစ်ရေတင်ရေများဖြင့် ၂၀၂၁ ခုနှစ် နွေစပါး ၁၉၂၀၈ ဧက အား ဒီဇင်ဘာလမှစတင်ကာ စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ဆည်ရေဖြင့် (၈၄၈)ဧက၊ မြစ်ရေတင်ရေဖြင့် ဧက(၁၁၅၀)၊ မိုးကောင်းသောက်ရေဖြင့် ဧက(၁၇၂၁၀)ကို ၂၀၂၀ခုနှစ် ဒီဇင်ဘာလမှစတင်၍ စိုက်ပျိုးခဲ့ရာ စိုက်ပျိုးပြီးစီး၍ ၂၀၂၁ ခုနှစ် မေလနောက်ဆုံး ပတ်တွင် စတင်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်း ထံမှ သိရသည်။
နွေစပါးစိုက်ပျိုးတောင်သူများ စပါးစိုက်ပျိုးရာတွင် လွယ်ကူလျင်မြန်စွာဖြင့် အထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မျိုးစေ့ချ စက်ကိရိယာများ ငှားရမ်းပေးခြင်း၊ စိုက်ပျိုးနည်းပညာများ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး ဆွေးနွေးခြင်းများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက ကွင်းဆင်းကြီး၍ လိုအပ်သည့် ပံ့ပိုးကူညီမှုများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


