BRIT ဆုပေးပွဲမှာ Global Icon ဆု ဆွတ်ခူးခဲ့တဲ့ တေလာဆွစ်

mdn

၁၃ မေ

 

ဗြိတိန်တေးဂီတထူးချွန်ဆုပေးပွဲကို မေ ၁၁ ရက်က ပြုလုပ်ခဲ့ရာမှာ အမေရိကန်လူမျိုး တေးရေးတေးဆို တစ်ဦးဖြစ်သူ တေလာဆွစ်က ၂၀၂၁ ခုနှစ်အတွက် Global Icon ဆုကို  ဆွတ်ခူးနိုင်ခဲ့ကြောင်း အီးတီအွန်လိုင်း ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

တေလာဆွစ်ဟာ အဆိုပါဆုကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် သူ့ရဲ့ ဂီတသမိုင်းမှာ မှတ်တမ်းသစ်တစ်ခုကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။ တေလာဆွစ်ဟာ အဆိုပါ ဆုကို  ဆွတ်ခူးနိုင်ခဲ့တဲ့ ဗြိတိန်လူမျိုးမဟုတ်တဲ့ အမျိုးသမီး တေးသံရှင်ဖြစ်လာခဲ့ကြောင်းလည်း သိရပါတယ်။

 

တေလာဆွစ်ဟာ အဆိုပါဆုကို တက်ရောက်လက်ခံရယူခဲ့ပြီး ထူးချွန်ဆုအတွက် အမှတ်တရစကား ပြောကြား စဉ်မှာ ချစ်သူဖြစ်တဲ့ ဗြိတိန်မင်းသား ဂျိုးဇော်ဝင်န်ရဲ့ အမည်ကို ခေါ်ကာ ကျေးဇူးတင်ကြောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် တေလာဆွစ်က သူ့ရဲ့ ရင်းနှီးတဲ့  သူငယ်ချင်းတစ်ဦးဖြစ်သူ တေးသံရှင် ဆယ်လီနာဂိုးမက်ဇ်ကိုလည်း ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

 

အေးပြည့်