ရက်စွဲ ၊ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်

၁။         Mobile Intemet ယာယီပြတ်တောက်နေစဉ်ကာလအတွင်း ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများ၏ Internet အသုံးပြု၍ ဆောင်ရွက်ရသည့် ငွေးရေးကြေးရေးဆိုင်ရာ System များ Application များကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၂၉-၄-၂၀၂၁ ရက်နေ့တွင် ဝန်ဆောင်မှုရရှိသည့် ဘဏ်အချို့ကို ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။ ယခုအခါ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့မှလည်း Mobile Banking Internet Banking Mobile top-up ၊ Other Cards top-up ၊ Bill Payment များ၊ Visa Master Credit Card Payment ၊ MPU Cards ၊ All ATMs ၊ Bank Pay များမှ Account to Account Transfer ၊ Wallet to Wallet၊  Bank to Wallet ၊ Wallet to Bank မြန်မာနိုင်ငံတော်ဗဟိုဘဏ် CBM Net ၏ CCT Function စသည့် ဝန်ဆောင်မှုများကို အများပြည်သူများအတွက် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ထပ်မံအသိပေးအပ်ပါသည်။

၃။ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် Wave Money ၊ OK$ ၊ M-Pitesan ၊ Mytel Pay ၊ MPT Money တို့ဖြင့် Mobile top-up ၊ Wallet to Wallet ၊ Bank to Wallets ၊ Wallet to Bank ၊ Air Time top-up ၊ Merchant Cash in / Cash Out တို့ကို ယခင်အတိုင်း ဝန်ဆောင်မှုများကိုလည်း ပြန်လည်ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။