မိတ္ထီလာအကျဉ်းထောင်မှ  လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသား ၁၀၀ ကျော်အား လွှတ်ပေး

မိတ္ထီလာ၊        ၁၂      ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနမှ  လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသား ၁၀၀ ကျော်ကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် နာရီက နန်းတော်ကုန်းရပ်ကွက်ရှိ  အကျဉ်းထောင်မှ လွှတ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးသက်လွင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အုန်းဟန်ဦး၊ မိတ္ထီလာအကျဉ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ရွှေတို့က လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်မည့် အကျဉ်းသား၊ အကျဉ်းသူများအား မိတ္ထီလာအကျဉ်းဦးစီးဌာနဝင်းအတွင်းရှိ အစည်းအဝေးခန်းမတွင် ဆုံးမသြဝါဒ စကားများ ပြောကြားပြီး အကျဉ်းသား၊ အကျဉ်းသူများအား လမ်းစရိတ်အဖြစ် ထောက်ပံ့ငွေများ ပေးအပ်သည်။

မိတ္ထီလာမြို့နယ် အကျဉ်းဦးစီးဌာနရှိ အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာဖြင့် အကျဉ်းသား ၈၉ ဦးနှင့် အကျဉ်းသူ ၂၀ တို့ကို လွှတ်ပေးခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

 

a5

 

a3