မိတ္ထီလာမြို့နယ်၌ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပ

မိတ္ထီလာ၊ ၁၂ ဖေဖော်ဝါရီ

 

မိတ္ထီလာမြို့နယ်၌ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် နာရီခွဲတွင် မြို့မရပ်ကွက်အတွင်းရှိ လွတ်လပ်ရေးပန်းခြံ၌ ကျင်းပသည်။

                                                                                

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေ့ပြုကြပြီး မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးသက်လွင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၁ ခုနှစ် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို ဖတ်ကြားသည်။

                                                                                

အခမ်းအနားသို့ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးသက်လွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကောင်းမြတ်သူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

                                                                                

သိန်းမြင့်ကျော်(မိတ္ထီလာ)