မာန်အောင်၌(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ ကျင်းပ

မာန်အောင်၊      ၁၂        ဖေဖော်ဝါရီ

 

(၇၄)နှစ်‌မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်း အနားကို ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီက မြို့မ အားကစားကွင်း၌ ကျင်းပရာ ရှေးဦးစွာ နိုင်ငံတော်အလံအား အလေးပြုကြပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက ဖတ်ကြားသည်။

 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ကြသည်။

 

မြို့နယ်(ပြန်/ဆက်)