မကွေးမြို့၌ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပ

မကွေး၊ ၁၂        ဖေဖော်ဝါရီ

(၇၄)နှစ်မြောက်  ပြည်ထောင်စုနေ့  သဝဏ်လွှာဖတ်ကြားပွဲ အခမ်းအနားကို မကွေးမြို့ အမှတ်(၈၈) ခြေမြန် တပ်မဌာနချုပ် အားကစားကွင်း၌ ဖေဖော်ဝါရီ ၁၂  ရက် နံနက် နာရီက ကျင်းပသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးတင့်လွင်နှင့် တက်ရောက်လာ ကြသူများက နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌက ဖတ်ကြားသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပေါက်ကြီး(ဖန်ခါးမြေ)

 

DSC_4914