မိုင်းဖြတ်၌ တစ်နိုင်တစ်ပိုင် ပဲပုပ်လုပ်ငန်းလုပ်ကိုင်းခြင်းဖြင့် မိသားစုဝင်များ ရရှိ

မိုင်းဖြတ် ၊  ၁၁ ဖေဖော်ဝါရီ

 

           

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာတွင် တစ်ပိုင်တစ်နိုင် ပဲပုပ်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေများ တစ်ဖတ်တစ်လမ်းကနေ ရရှိကြောင်း ပဲပုပ်လုပ်ငန်း လုပ်ကိုင်နေသူ ဒေါ်အွေ့ထံက သိရသည်။

 

           

အဆိုပါ ပဲပုပ်လုပ်ငန်းလုပ်ကိုင်နေသူ ဒေါ်အွေ့က “အဘွားက အသက် ၇၅ နှစ်ရှိပါပြီ၊ ပဲပုပ်လုပ်ငန်း ကိုတော့ စီးပွားဖြစ်မလုပ်ကိုင်ဘဲ တက်နိုင်သလောက် တစ်ပိုင်တစ်နိုင်ပဲလုပ်ကိုင်ပါတယ်၊ လုပ်တာတော့ သုံးလေးနှစ်လောက်ရှိပါပြီ၊ ကျေးရွာမှာ လုပ်ကိုင်နေသူတစ်ချို့ကတော့ ပဲပုပ်ကို ကိုယ်တိုင်စိုက်ပျိုးပြီး လုပ် ကိုင်ကြပေမည့် အဘွားကတော့ ပဲပုပ်စေ့ကို ဝယ်ယူပြီးတော့ လုပ်တဲ့အတွက် အမြတ်များများ မရဘူးပေါ့၊ မိသားစုဝင်ငွေ တစ်ဖက်တစ်လမ်းက ရဖို့ပဲလုပ်ကြောင်း ပြောကြားသည်။

           

           

ပဲပုပ်စားကုန်ပြုလုပ်ပုံကတော့ ပဲပုပ်စေ့ကိုရေစိမ်ပြီး သုံးနာရီလောက်အထိ ပဲပုပ်စေ့ကျက်အောင် သုံနာရီခန့် ပြုတ်ရပါတယ်၊ ပြုတ်ပြီးတဲ့ပဲပုပ်ကို နှစ်ရက်ခန့်(သို့မဟုတ်) သုံးရက်ခန့်လေလုံအောင် ထုတ်ထားရပါတယ်။ ပဲပုပ်နှပ်ရင်တော့ ညက်အောင်ထောင်းရပါတယ်၊ အရင်တုန်းကတော့  ရိုးရာလက်စုံတွေနဲ့ ထောင်းရပေမယ့် အခုကတော့ စက်နဲ့ကြိတ်ပါတယ်၊ ကြိတ်လို့ရရှိလာတဲ့ ပဲပုပ်အနှစ်များကို မိမိလိုချင်တဲ့ အနေပမာနကိုလုံးပြီး အခြောက်ခံဖို့အတွက် ဝိုင်းနေအောင်အချပ်ပြုလုပ်ပြီး နှစ်ရက်လောက် နေခြောက်ခံ ရပါတယ်၊ ဒါ့အပြင် ပဲပုပ်အစေ့ နှပ်ပြီးသားကိုလည်း ရောင်းချလေ့ရှိပါတယ်၊ အခြောက်ခံပြီးသား ပဲပုပ်ချပ်များကို တစ်ပိဿာ ငွေကျပ် ၆၀၀၀၊ ပဲပုပ်အစေ့နှပ်ပြီးသားကို တစ်ထုပ်ငွေကျပ် ၅၀၀ နှုန်းနဲ့ ရောင်းချလေ့ရှိကြောင်း ဒေါ်အွေ့ထံက သိရသည်။

 

           

အဆိုပါ အဆင့်ဆင့်ပြုလုပ်ခြင်းဖြင့် ရရှိလာတဲ့ စားသောက်ကုန် ပဲပုပ်ကို အမျိုးအမျိုးချက်ပြုတ် စားသောက်လေ့ရှိကြပြီး ပဲပုပ်ချပ်ကို ကြော်၍သော်လည်းကောင်း၊ မီးဖုတ်၍ အမှုန့်အဖြစ်ထောင်းပြီး ဟင်း ရည်များတွင်လည်းကောင်း၊ ငရုပ်သီးထောင်းတွင်လည်းကောင်း အသုံးပြုစားသုံးလေ့ရှိကြကြောင်း သိရသည်။

 

 

သန်းထွန်းအေး(ပြန်/ဆက်)