တောင်သာ၊ ၃၁ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အဆင့် မြစိမ်းရောင်စီမံကိန်း သုံးသပ်ဆွေးနွေးပွဲနှင့် စီမံကိန်းဝင် စံပြကျေးရွာများ ဆုပေးပွဲကို ဇန်နဝါရီ ၂၀ ရက်က တောင်သာမြို့နယ် ထွေအုပ်စည်းဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းနှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးမှူး ဦးဇော်မိုးက မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော်မှုကို ရှင်းလင်းတင်ပြသည်။
ဆုပေးပွဲ၌ မြစိမ်းရောင် စီမံကိန်းစံပြကျေးရွာဆုရ မိုးနှောင်းခင်းရွာ၊ အလယ်ချိုင့်ရွာနှင့် တောင်လယ်ကန်ရွာတို့အား မြို့နယ်အဆင့် တာဝန်ရှိသူတို့က ဆုချီးမြှင့်ပေးကြသည်။
ဌေးမြင့်မောင်


