လက်ပံတန်း၊ ၃၁ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်ရှိ တန် ၁၀၀ ငါးမွေးမြူရေး ကုန်ထုတ်သမဝါယမ အသင်းပိုင် ငါးကန်များမှ ဖော်ထုတ်ခဲ့သည့် ငါးပိဿာချိန် ၃၄၀၀၀ ကျော်ကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးရှိ ငွေဇာပုလဲကုမ္ပဏီသို့လည်းကောင်း၊ ငါးပိဿာချိန် ၁၀၀၀ ကျော်ကို လက်ပံတန်းမြို့နယ်အတွင်း တစ်ဆင့်ပြန်လည် ရောင်းချသူများသို့လည်းကောင်း လက်ကားစနစ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ယင်းသို့ရောင်းချရာတွင် ငါးကြင်းတစ်ပိဿာလျှင် ငွေကျပ် ၂၃၀၀၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ငွေကျပ် ၂၂၀၀၊ ငါးခေါင်းပွတစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀ နှုန်းဖြင့် စုစုပေါင်းငါးပိဿာချိန် ၃၅၀၀၀ ကျော်ကို No Profit, No Loss မူအတိုင်း ပြည်သူများငါးမျိုးစုံကို ဈေးနှုန်းချိုသာစွာ လွယ်လင့်တကူ ဝယ်ယူ စားသုံးနိုင်ရေးအတွက် လက်ကားဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
MDN


