ရန်ကုန် ၃၁ ဇန်နဝါရီ
အာဆီယံအင်ဂျင်နီယာဆိုင်ရာ ဘွဲ့တံဆိပ်ရရှိသူများ၊ အလှူရှင်များအား မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်က ဂုဏ်ပြုလွှာပေးအပ်ပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက် ၉ နာရီခွဲက ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်နှင့် အမှုဆောင်များ၊ အသင်းသူအသင်းသားများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်မြင့်က နှုတ်ခွန်ဆက်စကားပြောကြပြီး AFEO မှ ပေးအပ်သော Honorary Fellow, Honorary Member, ASEAN Outstanding Engineering Achievement Award for 2020 ဆုရရှိသူများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၏ Fellow Member ရရှိသူများ၊ JWES မှ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သို့ Business Transfer Approval Certificate to Federation of Myanmar Engineering Socity & Myanman Welding Engineering အသိအမှတ်ပြုလက်မှတ်ရရှိသူများ၊ AFEO မှ ပေးအပ်သော ASEAN Engineer လက်မှတ်ရရှိသူများ၊ AFEO မှ ပေးအပ်သော Associate ASEAN Engineer လက်မှတ်ရရှိသူများ၊ AFEO မှ ပေးအပ်သော ASEAN Teachnician လက်မှတ်ရရှိသူများ၊ AAET မှ ပေးအပ်သော Associate Fellow Fellow Awards ရရှိသူများကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌနှင့် အမှုဆောင်များက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်သို့ အလှူငွေကျပ် (၂၃၄၆၁၃၂၁၇)ကို ပေးအပ်ထည့်ဝင် လှူဒါန်းထားသည့် အလှူရှင်များအား မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)


