တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (ပထမအကြိမ်)စတင်ထိုးနှံ

တောင်တွင်းကြီး၊    ၂၇   ဇန်နဝါရီ  

တောင်တွင်းကြီးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန လက်အောက်ရှိ ၀န်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယနေ့ မွန်းလွဲ ၁ နာရီက တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်အတွင်း တာ၀န်ထမ်းဆောင်နေသော ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ် တိုင်းရင်းဆေး၀န်ထမ်းများ၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၀န်ထမ်းများအား တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံတွင် နေရာ(၃)နေရာခွဲ၍ ပထမအကြိမ် ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)