ချောင်းဆုံမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်−၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ

ချောင်းဆုံ၊        ၂၇        ဇန်နဝါရီ                      

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကိုဗစ်−၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူဆေးရုံတွင် စုရပ်အဖြစ်ထားရှိပြီး မြို့နယ် အတွင်းရှိ ကျန်းမာရေး ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

မြို့နယ်အနေဖြင့် ကိုဗစ်−၁၉ ကာကွယ်ဆေး (၂၆) လုံးရရှိပြီး ဆေး(၁) လုံးကို လူ(၁၀) ဦး ထိုးနှံရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်ဆေးဌာနမှ ဝန်ထမ်းများနှင့်  အား/ကာ မှ ဝန်ထမ်း များ စုစုပေါင်း (၂၃၂) တို့ကို စတင်ထိုးပေးသွားမှာဖြစ်ပြီး တစ်ရက်လျှင်ကို လူ(၁၀၀) နှုန်းဖြင့် (၂)ရက် ထိုးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းက ပြောသည်။

ကိုဗစ်−၁၉ ကာကွယ်ဆေးမထိုးနှံခင် ကျန်းမာပြီး အားရှိအောင် နေသင့်ကြောင်း၊ ကာကွယ်ဆေး ထိုးပြီးသွားလျှင်လည်း ပေါ့ပေါ့ဆဆမနေစေချင်ကြောင်း  ချောင်းဆုံမြို့နယ်အတွင်း ပထမဆုံး ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးခံခဲ့ရသူ ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက် ကျန်းမာရေးမှူး ဦးထွန်းဇော်ဇော်က ပြောပြတယ်။

ပထမအကြိမ် ထိုးနှံပေးမည့် ကိုဗစ်−၁၉ ကာကွယ်ဆေးကို ကျန်မားရေးဝန်ကြီးဌာနနှင့် ဗဟိုက သတ်မှတ်သည့် ဦးစားပေးအုပ်စုတွေကို ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးနေပြီး ကာကွယ်ဆေး ထပ်မံရရှိပါက သတ်မှတ်ချက်များအတိုင်း အဆင့်ဆင့် ထိုးနှံပေးသွားမှာဖြစ်ပြီး ချောင်းဆုံမြို့နယ် အတွင်း မြို့ပေါ်ရပ်ကွက်/ကျေးရွာတွေမှာ နေထိုင်သူလူဦးရေ စုစုပေါင်း (၁၇၀၀၀၀) ခန့်ရှိကြောင်း ၂၀၁၉ ခုနှစ် စစ်တမ်းများအရ သိရသည်။

ကေအေ(ချောင်းဆုံ)