မန္တလေး၊ ၂၅  ဇန်နဝါရီ

မန္တလေးခရိုင်အတွင်းမှာ ကိုဗစ်ရောဂါကူးစက်မှု ကျဆင်းလာသည့်အတွက် ရောဂါကုသရေးစင်တာ ငါးခုကို ပြန်ပိတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနထံက သိရသည်။

ပြန်ပိတ်မည့် ကုသရေးစင်တာများမှာ  ကုတင်-၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ နှင့် ပုသိမ်ကြီးဆေးရုံ MSG ကုသရေးစင်တာ၊ သူနာ ပြုတက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် ကွာရတင်းစင်တာ ကုတင်-၅၀ ဆံ့ ဇီးပင်ကြီး ဆေးရုံတို့ကို ပြန်ပိတ်သိမ်းသွားမည်ဖြစ်သည်။ 

"မန္တလေးမှာရှိတဲ့ ခုနှစ်မြို့နယ်လုံးဟာ ကိုဗစ်လုံးဝကိုကျဆင်းလာပါပြီ။  ထပ်ပြီးပိတ်ဖို့လည်း လုပ်နေပါပြီဟု မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်

ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသောကြောင့် မန္တလေးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိ ကွာရန်တင်းစင်တာ ၁၄ ခုမှ ခုခန့်ကိုလည်း ပြန်လည်ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

လက်ရှိ မန္တလေးတွင် ပိုးတွေ့လူနာများကို ဇီဝိတဒါနသာသနာ့အထူးကုဆေးရုံကြီးနှင့်ကန်တော်နဒီဆေး ရုံ၊ ခုတင် (၃၀၀)ဆံ့ သင် ကြားရေးဆေးရုံ ကုတင် ၁၀၀ ဆံ့သင်ကြားရေး တိုင်းရင်းဆေးရုံ နှင့် ဧရာဝ တီဖောင်ဒေးရှင်း ကိုဗစ်စင်တာ တို့တွင် ကုသပေးလျက်ရှိသည်

ဖြိုးအိ