ဝန်းသို ၊ ၁၉ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ကျေးရွာ (၈) ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်ကုန်ထုတ်လမ်း များနှင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများနှင့် လွတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် မည့် ကျေးရွာတာဝန်ခံများ၊ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉) နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေါင်းမြူးခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် မြိုင်ဇေယျာကျေးရွာ ကုန်ထုတ်လမ်း၊ ကနဖော့ကျေးရွာကုန်ထုတ်လမ်းများနှင့် ယင်းလမ်းပေါ်ရှိ လိုအပ်သောတံတားနှင့် ရေပြွန်လုပ်ငန်းများကို ယမုံကောင်းကုမ္ပဏီမှ တင်ဒါအောင်မြင်ငွေ (၆၀ ဒသမ ၂၀)သန်းဖြင့်လည်း ကောင်း၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့်ဆောင်ရွက်မည့် အောင်းပင်ကျေးရွာကုန်ထုတ်လမ်းကို (၈၉ ဒသမ ၉) သန်းဖြင့် ရွေသိန်းမိသားစုဝန်ဆောင်မှုကုမ္ပဏီကလည်းကောင်း၊ ရေပေးရေးလုပ်ငန်းများတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် နောင်ကွင်း၊ ကျူတော၊ ဒုံးဒုတ်၊ အင်ပုဒ်ကုန်ကျေးရွာများ၌ ၄ လက်မ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်ငွေ (၄၉ ဒသမ ၅)သန်းဖြင့် အောင်ခန့်ဝင်း ကုမ္ပဏီကလည်းကောင်း၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ခပ်ချိုကျေးရွာနှင့် မြိုင်ဇေယျာကျေးရွာတို့၌ ၄ လက်မစက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်ငွေ (၂၅ ဒသမ ၅၀)သန်ဖြင့် သိန်းသန်းရတီကုမ္ပဏီတို့က အသီးသီး တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးနှင့် ဒေါ်ခိုင်ခိုင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်ကော်မတီဝင်များ၊ တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာများမှ တာဝန်ရှိသူများ၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်း များတက်ရောက် ခဲ့ကြကြောင်းသိရ သည်။
မွှေးကြူဇင်


