ကန်ပက်လက်၊ ၁၃ ဇန်နဝါရီ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ခိတော်ကျေးရွာအုပ်စု ခါးပန်းကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်း ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဇန်နဝါရီ ၁၂ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဉီးစီးမှူး ဦးတင့်ထွန်းနှင့် ဝန်ထမ်းများက ကျေးရွာရေးပေးရေးကော်မတီဝင်များနှင့်အတူ ခါးပန်းကျေးရွာ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစွာဖြင့် ပြီးစီးရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း နှစ်လက်မ PVC ပိုက်ဖြင့် ရေပိုက်လိုင်း ၄ မိုင် သွယ်တန်း ခြင်း၊ ဂါလန် ၅၀ဝ၀ ဆံ့ ရေကန်တည်ဆောက်ခြင်းလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၄၂ ဒသမ ၈၉၃ သန်းဖြင့် တင်ဒါအောင်မြင်သည့် ဒီဇင်ဘာလင်း ကုမ္ပဏီက တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုးမိုးကျော်


