ဝါးခယ်မ၊     ၁၁    ဇန်နဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ရွှေလောင်းကျေးရွာဆိပ်ကမ်းတွင် ရေပေါ်စျေးသစ် တည်ဆောက်ရန် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းက ပန္နက်တင်အခမ်းအနား ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ကြွယ်နှင့် ကော်မတီဝင်များ၊ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီးတွင်  ပန္နက်ရိုက်ပေးကြသည်။

 

ရေပေါ်ဈေးသစကို အလျား ၁၀၈ ပေ၊ အနံ ၈၁ ပေ၊ ရေမျက်နှာပြင်မှ အမြင့် ၈ ပေ၊ အခင်းထု ၆ လက်မ၊ သံကူကွန်ကရစ် (အမိုးမပါ) တည်ဆောက်သွားမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၁ - ၂၀၂၂ ဘဏ္ဏာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၃၉၉ ဒသမ ၅ သန်းဖြင့် ရတနာမြတ်မင်း ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်မည်ဖြစ်ကာ ပြီးစီးပါက ခြောက်ပေ ပတ်လည် ဆိုင်ခန်းပေါင်း ၁၀၈ ခန်း ရောင်းချနိုင်မည်ဖြစ်သည်။

 

လွှမ်းသီဟ(ပြန်/ဆက်)