မူဆယ်၊      ၁၁   ဇန်နဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ တရုတ်ယွမ်ငွေ ၄၇၈၀၃၂ တန်ဖိုးရှိသည့် ကိုဗစ်-၁၉ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများကို ဇန်နဝါရီ ၁၀ ရက် မွန်းလွဲပိုင်းက မူဆယ်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ် (နန်းတော်ဂိတ်)၌ လာရောက်ပေးအပ်လှူဒါန်းသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသုံးအဆောင်ပစ္စည်းများကို တရုတ်နိုင်ငံ ရွှေလီကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများက လာရောက်ပေးအပ်ရာ မူဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဉက္ကာက လက်ခံခဲ့ပြီး လှူဒါန်းမှုအပေါ် မူဆယ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းတို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသနိုင်ရန် PCR နှင့် ဆက်စပ်ကျန်းမာရေး အသုံးအဆောင်ပစ္စည်း အမျိုးအစား တစ်သောင်း၊ နှစ်နိုင်ငံနယ်စပ်ဂိတ်မှ နိုင်ငံသားများ အပြန်အလှန် လွှဲပြောင်းရာတွင် အသုံးပြုရန် တရုတ်နိုင်ငံ ရွှေလီမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းသိမ်းရေးကော်မတီမှ ပလတ်စတစ်ထိုင်ခုံ ၂၀၀ နှင့် ထီး ၂၀ တို့ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)