မောင်တော၊  ၁၀  ဇန်နဝါရီ  

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌  ဝေသာလီ-ဉဒေါင်း-အငူမော် လမ်းမကြီးအား ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ကုန်တင်ကားကြီးများအား ဖြတ်သန်းသွားခြင်းမပြုရန် အသိပညာပေး ဆောင်ရွက်ခြင်းများကို မြို့နယ် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့မှ ဇန်နဝါရီ ၁၀ ရက်နေ့  နံနက်ပိုင်းက ဉဒေါင်း တံတားအနီး လမ်းလွှဲတွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်နေစဉ် ကုန်တင်ကားကြီးများ ဖြတ်သန်းသွားလာခြင်း မပြုရန် ပူးပေါင်းအဖွဲ့က  အသိပညာပေးပြီး ယင်း လမ်းပိုင်းမှ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မည်သည့် ယာဉ်မဆို ဖြတ်သန်းသွားလာ ခွင့်မပြုကြောင်း တားမြစ်ထားခြင်းဖြစ်သည်။

ကုန်တင်ယာဉ်များ အနေဖြင့် ယာဉ် + ကုန် ၁၃ တန်ဖြင့် ဉဒေါင်း - အလယ်သံကျော်  - ကညင်တန်း လမ်းမှ သတ်မှတ်တန်ချိန်ဖြင့် သွားလာ ခွင့်ပြုထားကြောင်း လိုက်နာမှု မရှိပါက တည်ဆဲဉပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး  ဇန်နဝါရီ ၁၀ ရက်မှ စတင်၍   ဖြတ်သန်းသွားလာခွင့် မပြုတော့ဘဲ စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)