ကန်ကြီးထောင့်၊ ၂ ဇန်နဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပပြုလုပ်မည့် အမှတ်(၁) ရပ်ကွက်ရှိ လွတ်လပ်ရေး ကျောက်တိုင် ပန်းခြံ၌ ဇန်နဝါရီ ၂ ရက် ညမှစတင်ကာ ရောင်စုံမီးများဖြင့် အလှဆင်ထွန်းညှိထားသည်။
ပန်းခြံအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်၊ ထိုင်ခုံများနှင့် သစ်ပင်များတွင် ဆလိုက်မီးများ၊ ရောင်စုံ မီးချောင်းများ၊ မီးတွဲများဖြင့် အလှဆင်ထွန်းညှိထားပြီး မီးအလှဆင်ခြင်းများကို မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
နန်းထိုက်(ပြန်/ဆက်)


