ချင်းရွှေဟော်၊ ၃၀   ဒီဇင်ဘာ 

 

တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက် ညနေ(၆)နာရီက နေရပ်ပြန်ပြည်သူ(၄၃)ဉီး ထပ်မံဝင်ရောက်လာခဲ့သည်။

 

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၄၃)ဦးတို့မှာ အမျိုးသား(၂၆)ဦး၊ အမျိုးသမီး(၁၇)ဦးတို့ ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်မှ(၅)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ (၈)ဦး၊ ခင်ဉီးမြို့နယ်မှ(၂)ဦး၊ခမ်းပါတ်မြို့နယ်မှ(၁)ဦး၊ ပုလဲမြို့နယ်မှ(၂)ဦး၊ ယင်းမာပင်မြို့နယ်မှ(၁)ဦး၊ ဟုမ္မလင်းမြို့နယ်မှ(၁)ဦး၊   မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်မှ(၁)ဦး၊  စလင်းမြို့နယ်မှ(၁)ဦး၊ ပခုက္ကူမြို့နယ်မှ(၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်မှ(၃)ဦး၊ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ(၁)ဦး၊ ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့နယ်မှ(၂)ဦး၊ ရမ်းဗြဲမြို့နယ်မှ(၁)ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကာလိမြို့နယ်မှ(၂)ဦးနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်းရှိမြို့နယ်များမှ(၁၀)ဦးတို့ ဖြစ်သည်။

 

ထိုသို့ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခဲ့ပြီး ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ချင်းရွှေဟော်မြို့၊ အမှတ်(၂) ရပ်ကွက်၊ မြို့တော်ခန်းမ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် ထားရှိကာ ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ၎င်းတို့အား  ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit ဖြင့်စစ်ဆေးခြင်း နှင့်  ဓါတ်ခွဲနမူနာ Swab များရယူပြီး စစ်ဆေးနိုင်ရန် မူဆယ်မြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့  ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

 ဇင်ဇင်(ပြန်/ဆက်)

 

mdn