မြစ်ကြီးနား၊  ၃၀   ဒီဇင်ဘာ

 

မြစ်ကြီးနားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြစ်ကြီးနားမြို့နယ်အတွင်း ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးပိုစတာ စိုက်ထူခြင်းကို ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းက သတ်မှတ်နေရာတွင် စိုက်ထူခဲ့သည်။

 

အဆိုပါ ငါးသယံဇာတ အသိပညာပေးပိုစတာ စိုက်ထူခြင်းကို ကွင်းဆင်းဆောင်ရွက်ရာတွင် မြစ်ကြီးနား ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝင်းဝင်းဟန်နှင့် ဝန်ထမ်းများ၊ မြစ်ကြီးနား မြို့နယ်အတွင်းရှိ အင်းသူကြီးများ ပူးပေါင်းပါဝင်ကာ မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ရုံးကြီးလမ်းနှင့် သခင်နက်ဖေ လမ်းဆုံ၊ မန်ခိန်ရပ်ကွက် စက်မှုနယ်မြေရှိ ဆွမ်ပရာဘွမ်လမ်းနှင့် ဗလမင်းထင်တံတားလမ်းဆုံရှိ သတ်မှတ်နေရာများတွင် စိုက်ထူခဲ့ကြသည်။

 

ငါးသယံဇာတ ထိန်းသိမ်းရေး အသိပညာပေးပိုစတာစိုက်ထူရာတွင် ကချင်ပြည်နယ်လွှတ်တော်မှ အတည်ပြုသည့် ရေချိုငါးလုပ်ငန်းဥပဒေနှင့် တရားမဝင်ရှော့တိုက်ငါးဖမ်းခြင်း၊ ဆေးချငါးဖမ်းခြင်း၊ ရေအောက်တွင် တရားမဝင်ဖောက်ခွဲဖျက်ဆီးသည့်နည်းဖြင့် ငါးဖမ်းခြင်းများမပြုရေးနှင့် ထိုသို့ ငါးသယံဇာတ ပြုန်းတီးစေမည့် နည်းလမ်းများဖြင့် ငါးဖမ်းခြင်းဆောင်ရွက်ပါက အရေးယူခံရမည့် ပြစ်မှုပြစ်ဒဏ်များ စသည်တို့ပါဝင်ကြောင်း သိရသည်။

 

မိုဃ်းကျ(မြစ်ကြီးနား)