ကျောက်တလုံးကြီး၊ ၂၄ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ နောင်ခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း တစ်ပိုင်တစ်နိုင် ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ပအိုဝ်းရိုးရာလွယ်အိတ်များ ရက်လုပ်ရာတွင် ချည်တစ်ပေါင်လျှင် လွယ်အိတ်အကြီး နှစ်လုံးရရှိပြီး လွယ်အိတ်သေးလျှင် လေးလုံးရရှိကြောင်း၊ လူတစ်ဦးတစ်ရက်လျှင် လွယ်အိတ်အကြီးနှစ်လုံး ရက်လုပ်ပြီးစီးကြောင်း၊ လွယ်အိတ်အကြီးအသေး ပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိှပြီး လွယ်အိတ်အကြီးတစ်လုံးလျှင် ငွေကျပ် ၆၅၀၀ နှင့် အသေးတစ်လုံးလျှင် ငွေကျပ် ၄၅၀၀ ဖြင့် ရောင်းချရကြောင်း နောင်ခဲကျေးရွာနေ ပအိုဝ်းရိုးရာလွယ်အိတ် ရက်လုပ်သူ ဒေါ်နန်းဟုန်း က ပြောသည်။
ကျောက်တလုံးကြီးမြို့ဒေသ၌ ပအိုဝ်းရိုးရာလွယ်အိတ်များကို ရိုးရာပွဲတော်များ၊ ပွဲလမ်းသဘင်များ၊ ဒေသခံကျောင်းသား၊ ကျောင်းသူများက ရိုးရာအသုံးအဆောင်အဖြစ် အသုံးပြုကြပြီး ဘုရားကျောင်းကန်သွားသည့်အခါနှင့် လက်ဆောင်ပေး သည့်အခါတို့တွင် အသုံးပြုကြကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)


