ဘုတ်ပြင်း ၂၂ ဒီဇင်ဘာ
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးTalk Show တွင် ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ပြည်သူများအနေဖြင့်ကလေးသူ ငယ်နှင့်ပတ်သက်သည့်အခွင့်အရေးများ၊ကလေးသူငယ်များကို ကာကွယ်သည့်ဥပဒေဆိုင်ရာအကြောင်း အရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် Online မှတစ်ဆင့် အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များနှင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများကို မေးမြန်းဆွေးနွေးခဲ့သည်။
မေးမြန်းဆွေးနွေးချက်များအပေါ် မြို့နယ်ဥပဒေအရာရှိ ဦးရဲမြင့်ဝင်းက ကလေးသူငယ်အခွင့် အရေးများနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့်ဥပဒေပြဌာန်းများ ၊ ကလေးသူငယ်နှင့်ပတ်သက် သည့်အခွင့်အရေးများ ၊ ကလေးသူငယ်အခွင့်အရေးများကို ကလေးငယ်များ(သို့မဟုတ်)မည်သူမဆို အခွင့်အရေးများကို ချိုးဖောက်ခဲ့လျှင် ဘယ်လိုကာကွယ်ပေးနိုင်သည်အခြေအနေများ၊ ကလေသူငယ်များ ပညာရေးနှင့်ပတ်သက်၍ ရရှိနိုင်မည့်အခွင့်အရေးများစသည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပြဌာန်ချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အသိပညာပေး Talk Show အား ဘုတ်ပြင်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Page နှင့် IPRD Bokpyin Page တို့တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
သန်းထွန်းဦး( ပြန်/ဆက်)


