ရန်ကုန်၊ ၂၁ ဒီဇင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ ရွှေကျွန်းရောင်းဝယ်ရေး သမဝါယမအသင်းမှ ကိုဗစ်-၁၉ ကာလအတွင်း အသင်းသားများသို့ ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ပထမပတ်က အသင်းရုံးခန်း၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် အသင်းသား တစ်ဦးလျှင် ငွေကျပ် (၁၅၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၅၄ ဒသမ ၇၅)သိန်း၊ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီသို့ အလှူငွေကျပ် (၁)သိန်း၊ စုစုပေါင်းကျပ် (၅၅ ဒသမ ၇၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူ ထိပ်တန်းရောင်းဝယ်ရေး သမဝါယမအသင်းမှ ကိုဗစ်-၁၉ ကာလအတွင်း အသင်းသား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၄၀၀၀၀) နှုန်းဖြင့် အသင်းသား (၃၆၅) ဦးအတွက် စုစုပေါင်းကျပ် (၁၄၆) သိန်း၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့ အလှူငွေကျပ် (၁)သိန်း၊ စုစုပေါင်း အလှူငွေကျပ် (၁၄၇)သိန်း တို့ကို ထောက်ပံ့ ပေးအပ်ခဲ့သည်။
သိန်းထွန်းအောင်(သတင်းစဉ်)


