(၂၁-၁၂-၂၀၂၀ ရက်၊ ဆိုးလ်)
၁။ COVID-19 ကူးစက်ရောဂါ ကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအသီးသီး၌ သင်္ဘောဆင်း၍ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာ သင်္ဘောသား(၁၃၅) ဦးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် Myanmar Seafarer Employment Services Federation (MSESF) တို့၏ စီစဉ်မှုဖြင့် ၂၁-၁၂-၂၀၂၀ ရက်နေ့တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)ဖြင့် အထူးကယ်ဆယ်ရေးလေယာဉ် ပျံသန်း ပြေးဆွဲပေးခဲ့သည်။
၂။ အဆိုပါလေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ၁၇:၄၀ နာရီ အချိန်တွင် ထွက်ခွာခဲ့ပြီး ကိုရီးယားနိုင်ငံမှ မြန်မာသင်္ဘောသား (၈၃) ဦး၊ ရုရှားမှ (၁) ဦး၊ ဂျပန်မှ (၄) ဦး၊ ပနားမားမှ (၁၄) ဦး၊ တောင်အာဖရိကမှ (၄) ဦး၊ တရုတ်မှ (၃) ဦး၊ အင်ဒိုနီးရှားမှ (၁၃) ဦး၊ စင်ကာပူမှ (၁၁) ဦး၊ နယ်သာလန်မှ (၂) ဦး၊ စုစုပေါင်း (၁၃၅) ဦးတို့ စီးနင်း လိုက်ပါသွားသည်။
၃။ အဆိုပါ ခရီးစဉ်၌ လိုက်ပါသည့်ခရီးသည်များ လေဆိပ်၌ အခက်အခဲ တစ်စုံတစ်ရာ မရှိစေရေးအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံး ဝန်ထမ်းများသည် လေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
#Ministry of Foreign Affairs Myanmar


