ညောင်ဦး ၊ ၂၁ ဒီဇင်ဘာ 

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ယဉ်ကျေးမှုနယ်မြေ လုံခြုံရေးဌာနစိတ်မှ ကြီးကြပ်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရား၊ စေတီ၊ ပုထိုး၊ အုတ်ကျောင်းတို့အား နိုဝင်ဘာ ၁၁ ရက်မှစတင်ကာ Area-C အတွင်းရှိ ရှေးဟောင်းအဆောက်အုံများကို သန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းထံက သိရသည်။

 

Area-C အတွင်းရှိ ဘုရားများ၏ ဘုရားအပေါ်ပိုင်းတွင် ပေါက်ရောက်နေသော ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ဘုရားဆင်းတုတော်ရှိ ဖုန်နှင့် ချေးများချွတ်၍ ရောင်တော်ဖွင့်ခြင်း၊ အတွင်းလှိုဏ် ပတ်လမ်းများရှိ ခိုချေးများနှင့် အမှိုက်များအား သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်း၊ ဘုရားရင်ပြင်တော်မှ ပေ(၁၂၀)အကွာ အောက်ခြေပတ်လည် ပေါင်းမြက်ချုံနွယ်များ ရှင်းလင်းခြင်း၊ ကန္တရငုတ်၊ စွေ့စာပင်ငုတ်နှင့် မဏီသံလျက်ပင်ငုတ် စသည့်အပင်များ၏ ငုတ်များတူးထုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ဆက်လက်ကျန်ရှိနေသေးသည့် Area-A၊ Area-B နှင့် Area-D အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုး၊ အုတ်ကျောင်းများကိုလည်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမြင့်သန်းက ရှင်းပြ၍ သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)