ပုဂံ-ညောင်ဦးမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ပုဂံ-ညောင်ဦး၊  ၁၉  ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီ၍ (A) အဆင့်ရရှိပြီး ဆိုင်ထိုင်စားသောက်ရန် ခွင့်ပြုချက်ရရှိထားသော စားသောက်ဆိုင်နှင့် လက်ဖက်ရည် ဆိုင်များအား ပြန်လည်ဖွင့်လှစ်ခွင့် ပြုနိုင်ရေးအတွက် အချက် (၃၈) ချက်ပါ စည်းကမ်းချက်များကို လိုင်နာဆောင်ရွက် ခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး စစ်ဆေးပြီးသည့်ဆိုင်ပေါင်း ၈၀ ရှိကြောင်း ညောင်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဦးတင်မျိုးခိုင်ထံမှ သိရသည်။

 

ဖေလိန်း(ပုဂံ)