ပခုက္ကူဈေးကွက်သို့ ကြက်သွန်နီအသစ်များ ဝင်ရောက်လာ

ပခုက္ကူ၊ ၁၇   ဒီဇင်ဘာ 

    
ပခုက္ကူမြို့ရှိပွဲရုံများသို့ ကိုင်းကျွန်းကြက်သွန်နီအသစ်များ နေ့စဉ် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
    

ပခုက္ကူပတ်ဝန်းကျင် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာ ရေစကြိုမြို့နယ်အတွင်းရှိ မြစ်ရေ ဝင်ရောက်သည့် ကျေးရွာဒေသများရှိ ကိုင်းကျွန်းမြေများတွင် စိုက်ပျိုးထားသော ရေကျစိုက် ကြက်သွန်နီများ ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ပုံမှန်ဝင်ရောက်လျက်ရှိရာ ကြက်သွန်နီအသစ် ဈေးနှုန်းမှာ ပခုက္ကူမြို့ ကုန်စည်ဒိုင်၏ ဒီဇင်ဘာ ၁၆ ရက်ထုတ်ပြန်ချက်အရ တစ်ပိဿာလျှင် ကျပ် ၅၀၀ မှ ငွေကျပ် ၈၄၀  အထိ ရှိကြောင်း သိရသည်။ 
    

ရေစကြိုမြို့နယ် ကန်ဒေါင့်ကျေးရွာမှ ကြက်သွန်နီလာရောက်ရောင်းချသူ ဦးဘိုရွှေက ယမန် နေ့ဈေးနှုန်းအနေအထားအရ သင့်တင့်ကောင်းမွန်ကြောင်းနှင့် ယနေ့ကပ်ဈေးနှုန်းမသိရသေးကြောင်း ပြောကြားသည်။

 

ကိုတမာ(ပြန်/ဆက်)