မောက်မယ်မြို့နယ်၌   ပဲတီစိမ်းသီးနှံစိုက်တောင်သူများ စျေးကောင်းရရှိ

မောက်မယ်၊   ၁၆   ဒီဇင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မောက်မယ်မြို့နယ်၌ ဘက်စုံအဆင့်မြင့်နည်းပညာဖြင့် စိုက်ပျိုးသည့် မျိုးသန့်ပွား၊ မျိုးစေ့ထုတ်လုပ်ငန်းများတွင် စိုက်ပျိုးရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ  ပံ့ပိုးကူညီဆောင်ရွက်ပေးပြီး ယခုနှစ်တွင် ပဲတီစိမ်းသီးနှံ (ရေဆင်း−၁၁)မျိုးကို မြေဧက(၄၀) တွင် စိုက်ပျိုးခဲ့ရာ  သီးနှံများ ဖြစ်ထွန်းအောင်မြင်ကြောင်း သိရသည်။

ယခင်နှစ်တွင် ပဲတီစိမ်း တစ်ပိဿာလျှင် ငွေကျပ် ၈၀ဝ နှုန်းသာရရှိပြီး ယခုနှစ်တွင် တစ်ပိဿာ ငွေကျပ် ၂၀၀ဝ နှုန်းရရှိသဖြင့် ပဲတီစိမ်းစိုက်တောင်သူများ စျေးကောင်းရရှိပြီး ဝင်ငွေတိုး၍  အဆင်ပြေလျက်ရှိကြောင်း မောက်မယ်မြို့နယ်  စဉ့်ဝင်ကျေးရွာအုပ်စု  ရွာသစ်ကျေးရွာနေ တောင်သူဦးစိုင်းကျော်၏ ပြောကြားချက်အရ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)