အမရပူရ၊  ၁၄ ဒီဇင်ဘာ

 

မန္တလေးဒေသကြီး အမရပူရမြို့နယ်တွင် စိုက်ပျိုးထားသောမိုးစပါးများကို စတင်ရိတ်သိမ်းလျက်ရှိရာ ပုတ်ပြတ် စနစ်ဖြင့် စပါးရိတ်အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သရက်တန်းကျေးရွာမှ လယ်ရိတ်အဖွဲ့ခေါင်းဆောင် မချိုသဲထံမှ သိရသည်။

 

ယခုနှစ် မိုးစပါးရိတ်သိမ်းရာတွင် လယ်တစ်ဧက ရိတ်သိမ်းခ ငွေကျပ် ၆၀၀၀၀ နှင့် ရိတ်ထုံး(စပါးရိတ်ခြင်း ကောက်လှိုင်းထုံးခြင်း) ပြုလုပ်ပါက လယ်တစ်ဧကလျှင် ငွေကျပ် ၇၀ဝ၀ဝ ဖြင့် ပုတ်ပြတ်ရိတ်သိမ်းကြသည်။  နေ့စားခဖြင့် လယ်ရိတ်သိမ်းမည်ဆိုပါက စပါးရိတ်သူတစ်ဦးလျှင် ငွေကျပ် ၅၀ဝ၀ ပေးရသည်။ စပါးရိတ်အဖွဲ့တွင် လယ်တစ်ဧက လူ (၁၂)ဦးနှုန်းဖြင့် ပုတ်ပြတ်ယူကာ တစ်ဧက လူ()ဦးဖြင့် ရိတ်သိမ်းသည့်အတွက် တစ်ဦးလျှင် စပါးရိတ်ခ တစ်နေ့ငွေကျပ် ၁၀ဝ၀ဝ ရရှိကြောင်း သိရသည်။

 

အမရပူရမြို့နယ်တွင် လယ်မြေ၊ ယာမြေ၊ ကိုင်း/ကျွန်း၊ ဥယျာဉ်မြေများ မြေယာအသုံးချမှုစာရင်းအရ  ၅၁၂၆၈ ဧက ရှိသည်။ ဆည်တော်ကြီးဆည်ရေဖြင့် မိုးစပါး  ၁၁၆၅၀ ဧက လျာထားစိုက်ပျိုးခဲ့သည်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် ဧရာမင်းစပါးကို အများဆုံးစိုက်ပျိုးပြီး တစ်ဧက စပါးတင်း ၈၀ ကျော်ထွက်ရှိကြောင်း သိရသည်။

 

တိမ်တမန်

 

DSCN1090