နေပြည်တော် ၇ ဒီဇင်ဘာ

COVID-19 ရောဂါ ကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Stay at home အစီအစဉ်တွင် အကျုံးဝင်သော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်းကို ဘုတ်အဖွဲ့ဖြင့် စိစစ်ခွင့်ပြုလျက်ရှိရာ စိစစ်ရေးဘုတ်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀ မှ ၃၂/၂၀၂၀ အထိ)အရ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၄,၅၂၃) ဌာနမှ အာမခံအလုပ်သမား (၆၁၁,၂၂၅) ဦးအတွက် ထောက်ပံ့ငွေ (၃၈,၆၈၂ ဒသမ ၀၉၃) ကျပ်သန်းအား သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၅ ရက်မှစ၍ ခွင့်ပြုထုတ်ပေးခဲ့ပြီး ခွင့်ပြုထုတ်ပေးခဲ့သည့် စာရင်းအသေးစိတ်ကို နေ့စဉ်ထုတ်သတင်းစာများနှင့် ဝန်ကြီးဌာန Website တွင် ကြေညာခဲ့ပြီးဖြစ်သည်။

 

ဆက်လက်၍ စိစစ်ရေးဘုတ်အဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၃/၂၀၂၀ မှ ၄၁/၂၀၂၀အထိ) တို့အရ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၁,၂၅၆)ဌာနမှ အာမခံအလုပ်သမား (၆၂,၇၆၆) ဦးအတွက် ထောက်ပံ့ငွေ (၃,၈၀၃ ဒသမ ၈၃၃) ကျပ်သန်းအား သက်ဆိုင်ရာ လုပ်ငန်းရှင်များသို့ ခွင့်ပြုထုတ်ပေးခဲ့ပြီး၊ စာရင်းအသေးစိတ်ကို သက်ဆိုင်ရာလုပ်ငန်း ဌာနများသို့ အကြောင်းကြားပြီးသည့်အပြင် ဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့၏ Website တို့တွင်လည်း ကြေညာထားပြီး၊ UMFCCI နှင့် အလုပ်သမားသမဂ္ဂများထံသို့လည်း အချိန်နှင့် တစ်ပြေးညီ ပေးပို့ထားပြီးဖြစ်သည်။

 

ယနေ့အထိ Stay at home အစီအစဉ်တွင် အကျုံးဝင်သော စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း ဌာနစုစုပေါင်း (၅,၇၇၉) ဌာနမှ အာမခံအလုပ်သမား (၆၇၃,၉၉၁) ဦးအတွက် ထောက်ပံ့ငွေ (၄၂,၄၈၅ ဒသမ ၉၂၆) ကျပ်သန်းအား ခွင့်ပြုထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်းနှင့် ကျန်တောင်းခံလွှာများကိုလည်း ဆက်လက်စိစစ်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်