ရေကြည်၊   ၄   ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင် ရေကြည်မြို့နယ်၌ လူကုန်ကူးမှု တားဆီးကာကွယ်တိုက်ဖျက်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ  ၄  ရက်  နံနက် ၉ နာရီခွဲက ရေကြည်မြို့နယ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ ရေကြည်မြို့နယ် မြို့မရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကံညွန့်  ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက မြို့အဝင် လမ်းဆုံလမ်းခွနေရာများတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးအသိပညာပေး လက်ကမ်းစာစောင် စောင်ရေ(၃၀၀) အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာ ပေးခြင်းလုပ်ငန်းများကို ဒေသခံပြည်သူများသို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါလက်ကမ်းစာစောင်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးကာတွန်းရုပ်ပုံများ၊ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတိုင်ကြားရန် လူကုန်ကူးမှု တာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ အရေးပေါ် ဖုန်းနံပါတ်များကို  ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

အောင်သူဟန်(ရေကြည်)